English, asked by anuwaribrahim1, 4 months ago

တို့အလံ
ကျွန်တော်တို့ကျောင်းရှေ့ရှိ အလံတိုင်တွင် ကျောင်းဖွင့်သည့်နေ့တိုင်း နိုင်ငံတော် အလံကို
လွှင့်ထူထားပါသည်။ နံနက်ကျောင်းမတက်မီ ဆရာ/ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသား
များက ထိုအလံကို အလေးပြုကြပါသည်။ ကျောင်းတက်ခေါင်းလောင်းထိုးသောအခါ ကျောင်းသား
များသည် အလံတိုင်ရှေ့တွင် အတန်းလိုက်တန်းစီကာ ငြိမ်သက်စွာ ရပ်နေကြပါသည်။ ထို့နောက်
နိုင်ငံတော်အလံကို အလေးပြုရန်ဆရာကြီးက အမိန့်ပေးလိုက်သောအခါ အားလုံးက ဦးညွှတ်၍
ရိုသေစွာ အလေးပြုကြပါသည်။
နိုင်ငံတော်အလံတွင် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို
အလေးအမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်။
အလံတော်ရှိ အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊
ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း ဟူသော
အဓိပ္ပာယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အစိမ်းရောင်သည် မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်း
သာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်း ဟူသောအဓိပ္ပာယ်ကို ဆောင်ပါသည်။​

Answers

Answered by gaurika243
0

Answer:

plz write in english  language

Explanation:

Similar questions